ပန်းပေါင်းသားလေး
Monday, May 2, 2016
Thursday, March 31, 2016
သဘာဝပက်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းကြပါစို့
ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲမှုကို ကုစားဖို့ အချိန် မရှိ တော့ဘူးလို့ ကုလ သမဂ္ဂ မိုးလေဝသ အေဂျင်စီ အကြီးအကဲ
Michel Jarraud က သတိပေး လိုက်ပါတယ်။
ကမ္ဘာ့ လေထုအတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ ပါဝင်မှုက ခါတိုင်းထက် ပို များပြား နေပြီး ကာဗွန်ဒိုင် အောက်ဆိုဒ်
ထုတ်လွှတ်မှုဟာ နှစ် ၃ဝ အတွင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ချုပ်ရဲ့ ကိန်းဂဏန်း
စာရင်းဇယား အသစ်တွေက ဖော်ပြ ပါတယ်။
ရုပ်ကြွင်း လောင်စာ တွေကို သုံးစွဲ ရတဲ့ အတွက် ရာသီ ဥတုတွေ ပိုမို ဆိုးရွား ပြင်းထန် လာနေကြောင်း၊ ကမ္ဘာ့ ရာ
သီ ဥတု ပြောင်းလဲ လာနေတာကို သံသယ ဖြစ်စရာ မလိုကြောင်း Mr Jarraud က ပြောပါတယ်။
ကမ္ဘာ့ သမုဒ္ဒရာ တွေမှာလည်း အက်ဆစ် ပျော်ဝင်မှုနှုန်းက မခန့်မှန်း နိုင်အောင် မြင်းမား နေတယ်လို့ မိုးလေဝသ
အဖွဲ့ချုပ် အစီရင်ခံစာ က ဖော်ပြ ခဲ့ပါတယ်။
BBC Burmese News မှ ကူး ယူ မျှ ဝေ သည် ။
ဘဘာဝပက်ဝန်းကျင်ထိန်သိမ်းကြရအောင်
သစ်တောပြုန်းတီးမှု (deforestation)
သစ်ပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုက် ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးတယ်ဆို ကျွန်တော်တို.ငယ်ငယ်လေးကတည်းက သင်ကြားခဲ.ကြရပါတယ်။ သစ်တောတွေကို နှစ်စဉ်နှစ်တိုင်း အလွန်အကျွံခုတ်ခြင်း ၊ ပြန်မစိုက်ခြင်း၊ တောမီးလောင်ခြင်း စတာတွေကြောင်. သစ်တောတွေပြုန်းတီးနေကြပါတယ်။ ကျွန်တော်ငယ်ငယ်က ကယားပြည်နယ်ဘက်မှာနေဖူးပါတယ်။ ရန်ကုန် - လွိုင်ကော် လမ်းတစ်လျှောက် ဘေးမှာရှိနေတဲ.တောအုပ်တွေဟာ အဲဒီအချိန်က အရမ်းပဲစိမ်းလန်းစိုပြည်ခဲ.ပါတယ်။ အခုတစ်ခါအဲဒီဘက်ကိုပြန်သွားတော. လမ်းဘေးတစ်လျှောက်ကတောင်တွေဟာ တောင်ကတုံးတွေဖြစ်ကုန်ကြပါပြီ။ ဒေသခံတွေက သစ်ပင်တွေကို ခုတ်ပြီးမီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်တာတွေကိုလည်းအများကြီးတွေ.ရပါတယ်။ အမှန်ဆိုရင်ကျွန်တော်တို. အနေနဲ. မီးသွေးကိုမသုံးသင်.ဘူးလို. တောင်ထင်ပါတယ်။ ပြီးခဲ.တဲ.တစ်ခေါက်က ငွေဆောင်ကို သွားတော. လမ်းတစ်လျှောက်မှာ သစ်ပင်တွေအများကြီး မီးရှို.ထားတာကိုလည်းစိတ်မကောင်းစရာတွေ.ခဲ.ရပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်မမြင်ပေမယ်. လူအများပြောလို. ကြားရတဲ. မြန်မာပြည်မှာ သစ်တောတွေဘယ်သူ.ကြောင်. ဘယ်လိုပြုန်းတီးနေတယ် ဆိုတဲ. သတင်းတွေလည်း အများကြီးရှိပါသေးတယ်။ ကျွန်တော်မြန်မာနိုင်ငံဘယ်လောက် ထိသစ်တောဖြုန်းတီးမှုမှာ ပေါက်ရောက်အောင်မြင်နေလဲဆိုတာ ပြောမပြတတ်အောင်ပါပဲးးး